ရှမ်းပြည်နယ်

မိုင်းတုံမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများမှ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မင်တို့သူ၊ မဲစာရင်းစစ်‌ဆေးသူနှင့် မဲရုံလုံခြုံရေး သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း မဲရုံမှူး၊ ဒုတိယမဲရုံမှူးများမှ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မင်တို့သူ၊ မဲစာရင်းစစ်သူနှင့် မဲရုံလုံခြုံ‌ရေးသင်တန်းဖွင့်လှစ်ခြင်းကို ၂၀၂၅ ခုနှစ်၊ ယနေ့နံနက် ၉ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

လားရှိုးမြို့တွင် ရွေးကောက်ပွဲအောင်မြင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး ရည်ရွယ်၍ ရွေးကောက်ပွဲအောင်မြင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လားရှိုးမြို့နယ် မန်ဆူခရီးသည် ပို့ဆောင်ရေးယာဉ်ဝင်းအတွင်းနှင့် မြို့မဈေးကြီးအတွင်း၌ ဆောင်ရွက်ခဲ့သည်။

မိုင်းရှူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တာလေမြို့၌(တာလေ+ကျိုင်းလပ်)မြို့နယ်ခွဲစည်ပင်သာယာရေးဌာနတို့၏ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ (တာလေ+ကျိုင်းလပ်)မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနတို့၏ ၂၀၂၆-၂ဝ၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တာလေမြို့နယ်ခွဲ စည်ပင်သာယာရေးဌာန၌  ကျင်းပပြုလုပ်သည်။

မိုင်းတုံမြို့၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ‌မြို့နယ်ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အထွေ‌‌ထွေအုပ်ချုပ်ရေးရုံးဝန်းရှိအစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ‌မြို့နယ်ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညပိုင်းအချိန်က ကျင်းပခဲ့‌ကြောင်း သိရသည်။

ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံ အသိပညာပေးနှိုးဆော်

ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် သတိပြု လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရပ်ကွက်အတွင်း လှည့်လည်အသိပညာပေးနှိုးဆော်ခြင်းကို  ယမန်နေ့ ညနေပိုင်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ မြို့ပေါ်ရပ်ကွက်အတွင်း မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေး နှိုဆော်ဆောင်ရွက်ခဲ့သည်။

မောက်မယ်မြို့နယ်အတွင်း တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံ အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို အခြေခံပညာမူလတန်းကျောင်း နောင်ယာဆိုင်းတွင် ယနေ့နံနက် ၈ နာရီက ပြုလုပ်သည်။

မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သံဃာတော်၊ သီလရှင် (၁၄၇၀)ပါးအား မူဆယ်မြို့နယ်လုံးကျွတ် (စတုတ္ထအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြို့နယ်လုံးကျွတ် (စတုတ္ထအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ဝင်မီးပွိုင့်လမ်းဆုံမှ သိန်းသန်းချီ အဝေးပြေးကားကွင်းသွား လမ်းမကြီးတလျှောက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းဖြင့် စာရေးဆရာ ဗမိုး ရေးသားထားသော “သင့်မောင်မြင်မှုအတွက် သင်ကိုယ်တိုင်စွမ်းဆောင်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်