မိုင်းတုံမြို့နယ်၌ သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားပြုလုပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့လယ်ဓမ္မရုံ၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က မိုင်းတုံမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပရာ သက်ကြီးဘိုးဘွားများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ၊ စေတနာရှင်များ စုစုပေါင်း (၁၂၉) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။