နောင်ချိုမြို့နယ်တွင် ပြည်သူများမဲပေးနိုင်ရေး အသိပေးနှိုးဆော်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို နောင်ချိုမြို့ မြို့နယ်အတွင်းရှိရွေးကောက်ပွဲ ကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်ကာဆောင်ရွက်ခဲ့ကြသည်။