လွိုင်လင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ (Bill Board)စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေးမြေစိုက်ပိုစတာ (Bill Board)စိုက်ထူခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုလမ်းမကြီးဘေး မီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့ကြသည်။