ရှမ်းပြည်နယ်

ဆီဆိုင်မြို့နယ် သစ်တောဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် သစ်တောဦးစီးဌာနရုံးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။

ကျေးသီးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့(အကြို) ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို) ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်မြို့နယ်တွင် အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနကဆောင်ရွက်သည့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့သည်။

ပင်းတယမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားများအား သွင်းအားစုပေးအပ်ပွဲ ကျင်းပ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာအုပ်စု အင်းငယ်ဘုန်း‌တော်ကြီးကျောင်းတွင် ယမန်နေ့က အင်းငယ်ကျေးရွာအုပ်စုအတွင်းရှိ ပြည့်ဖြိုးအောင်မျိုးစေ့ထုတ်သမဝါယမအသင်းနှင့် ညောင်ပင်ဝိုင်းစိုက်/ထွေသမဝါယမ အသင်းသူ၊ အသင်းသားသားများအား သမဝါယမဦးစီးဌာနမှ ပြည်ထောင်စုဘဏ္ဍာရံပုံငွေဖြင့် ပေးအပ်သောသက်တန့်ရောင်စီမံကိန်း " အရင်းမပျောက်ရံပုံငွေ " ဖြင့် မိုးစပါးအတွက်သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပသည်။

နောင်တရားမြို့၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများအား မျက်စိနှင့်သွားကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့က ကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများကို ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric(UID) ကတ်ပြားများဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ့်စန်မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော် အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်၍ အမှတ်(၂)ရပ်ကွက်ရှိအခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ လင်းခေးနှင့် လွိုင်လင်ခရိုင်အတွင်း စက်သုံးဆီဈေးနှုန်း၊ အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်မှုရှိစေရေး တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ညွှန်ကြားရေးမှူး ဦးမင်းမင်းသည် ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်၊ လင်းခေးနှင့် လွိုင်လင်ခရိုင်အတွင်းရှိ ခရိုင်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များ၊ မိုးနဲ၊ လင်းခေး၊ နမ့်စန်၊ ကွန်ဟိန်း၊ ကာလိ၊ လွိုင်လင်၊ ပင်လုံနှင့် လဲချားမြို့များရှိ စက်သုံးဆီအရောင်းဆိုင်များမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများတွင် တွေ့ဆုံသည်။

အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲတက်ရောက်၊‌ ရွှေညောင်မြို့အားကစားကွင်းနှင့် ကလောမြို့နယ် အားကစားကွင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ကျောင်းအုပ်ကြီးနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ဘက်စုံသုံးခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြောင်း သိရသည်။

တာချီလိတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)ခန်းမတွင် ကျင်းပသည်။

မိုင်းဆတ်မြို့၌ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား သောင်းသောင်းဖြဖြကြိုဆို

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတို့အတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ နယ်မြေခံတပ်ရင်းတွင်ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်စိုးနှင့်အတူ တပ်မတော်ကို ချစ်မြတ်နိုးသော ဆရာတော်သံဃာတော်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများ နှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီးအောင်လွင် ဦးဆောင်သည့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက်ကြိုဆိုသည်။
Subscribe to ရှမ်းပြည်နယ်