ရှမ်းပြည်နယ်

ဟိုပုံးမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းပန်မြို့နယ်၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ကျန်းမာရေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဇွန် ၁၀ ရက်နေ့ နံနက်ပိုင်းက အ.ထ.က(မိုင်းပန်)၌ ကျင်းပခဲ့သည်။

မိုင်းပန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီကျင်းပသည်။

သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်

မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးရုံးရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 ဆီဆိုင်မြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းဆောင်ရွက်ပေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ကျိုင်းတုံမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကိုယနေ့နံနက်(၉)နာရီက မိုင်းဇင်းကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ကျင်းပသည်။

မိုင်းဖြတ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၁ရက်၊ နံနက် ၁၀နာရီက လကပ်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။

ကျောက်မဲမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများက ဒေသခံတိုင်းရင်းသားပြည်သူများအား ကွင်းဆင်းဆေးကုသပေးလျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းဆေးကုသမှု လုပ်ငန်းအား  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ လားရှိုးပြည်သူ့ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့်အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော ငှက်ဖျားရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။

လားရှိုးမြို့ အ.ထ.က (ခွဲ)၊ အ.လ.က (၅) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း၊ စာအုပ်စာ‌စောင်၊ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများ မြှင့်တင်ရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဇွန်လ ၁၁ ရက်နေ့က  အ.ထ.က (ခွဲ)၊ အ.လ.က (၅) ကျောင်း၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်