ရှမ်းပြည်နယ်

ကျိုင်းတုံမြို့နယ်အတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့် ဒေသများတွင် ကာကွယ်‌ဆေး ထိုးနှံ/တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ကာကွယ်‌‌ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့် ဒေသများတွင် ကာကွယ်‌ဆေး ထိုးနှံ/ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့တွင် ကျိုင်းတုံခရိုင် ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။

မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ(မူဆယ်)- တရုတ်(ရွှေလီ) နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲအတွက် ပြေးလမ်းကြောင်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

၂၀၂၆ ခုနှစ်၊ မြန်မာ(မူဆယ်)- တရုတ်(ရွှေလီ) နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် မာရသွန် အပြေးပြိုင်ပွဲအတွက် နှစ်နိုင်ငံနယ်စပ်ပြေးလမ်းကြောင်းများအား နှစ်နိုင်ငံတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေ ၂ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ နွေရာသီအခြေခံ အားကစားနည်းသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

မိုင်းပျဉ်းမြို့တွင် လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မည့် နေအိမ်(၇၉၂)လုံးအတွက် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးဒဏ်ခံနိုင်ရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအတွက် ညှိနှိုင်းအစည်းအဝေးနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းဆတ်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်(၃၀၀)အတွက် အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ရန် ပံ့ပိုးငွေပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာနေပြည်သူများ၏ နေအိမ်များအား  လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပံ့ပိုးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လားရှိုးမြို့တွင် အသက် (၇၀) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး တတိယအကြိမ်‌မြောက် သက်ကြီးဘိုးဘွားပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အသက် (၇၀) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး တတိယအကြိမ်‌မြောက် သက်ကြီးဘိုးဘွားပူဇော်ပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လားရှိုးမြို့ရှိ သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။

တောင်ကြီးမြို့၌ ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန်အတွက် EOI အဆိုပြုလွှာ စီစစ်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန်အတွက် EOI အဆိုပြုလွှာစီစစ်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အစည်းဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ (နဝမ)အကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာပရိယတ္တိပါလကစာမေးပွဲတော်ကြီးတွင် စာအောင်သံဃာတော်များ၊ သီလရှင်များအား ဆွမ်းဆန်လောင်းလှူပွဲနှင့် ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပရိယတ္တိပါလကအသင်းကြီးမှ ကျင်းပပြုလုပ်သော (နဝမ)အကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလကစာမေးပွဲတော်ကြီးတွင် စာအောင်သံဃာတော်များ၊ သီလရှင်များအား ဆွမ်းဆန်လောင်းလှူပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား စံကျောင်းတော်ပြင်ဆင်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်သို့ ရောက်ရှိပြီး ကျောင်းတော်မြောက်ဘက်မုခ်လှေခါး ပြင်ဆင်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
Subscribe to ရှမ်းပြည်နယ်