ကျောက်မဲ၌ ကျောင်းသား၊ကျောင်းသူများအား လူငယ်ရေးရာနှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(၃) ရှိ နဝရတ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။