တောင်ကြီးမြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် KG နှင့်Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမြို့နယ်အဆင့်(ဆင့်ပွား)ဆွေးနွေးပွဲ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့်မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား)ဆွေးနွေးပွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ကျင်းပရာ တောင်ကြီးမြို့နယ်ပညာရေးမှူး ဦးဇော်လှိုင်ထွန်း ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြောင်းသိရသည်။