ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၈) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲပြလုပ်
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၈) ကတိသစ္စာခံယူပွဲနှင့်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီကရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းစစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မင်းသီဟနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။