ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန အနောက်ကြို့ကုန်းရပ်ကွက်၊ သစ်တောဝင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောကာ မီးငြှိမ်းနည်းများ လက်တွေ့ပြသ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်သစ်တောဦးဌာနနှင့် အင်းစိန်ခရိုင် မီးသတ်ဦးစီဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့၊ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ သစ်တောဝင်းအတွင်းရှိ ကျင်းပပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီး အသက်မွေးဝမ်းကျောင်း ပညာသင်စရိတ်ချီးမြှင့်ငွေ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း ပညာသင်စရီတ်ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ(ငယ်)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ ပုံမှန်ပညာမသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုတွင်ပါဝင်သည့် လူငယ်လူရွယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေါပုံမြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ်နှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်းလှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားပူဇော်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအားမီးဘေးအန္တရာယ်နှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်းလှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်းကို မတ်လ (၉) ရက်နေ့ ညနေ ၄ နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြပါသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ရေအခက်အခဲဖြစ်‌နေသော ဓမ္မစေတီ (ထေရဝါဒပရိယတ္တိစာသင်တိုက်) သို့ သောက်သုံးရေများ ဖြည့်တင်းလှူဒါန်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၂) ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ ဓမ္မစေတီ(ထေရဝါဒပရိယတ္တိစာသင်တိုက်)တွင်  ရေအခက်အခဲရှိသောကြောင့် မတ်လ (၁၀)ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအချိန်ထိ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းတိုက်ရှိရေကန်များအတွင်းသို့ ရေများဖြည့်တင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း ) မြို့နယ်၌ နွေရာသီအားကစားသင်တန်း ဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း‌ဆောင်ရွက်သည့် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရေး၊ ထပ်ခါထပ်ခါဖြည့်သွင်းမှုမရှိစေရေးအတွက် ပဲခူးမြစ်လမ်းရှိ BOC စက်သုံးဆီအရောင်းဆိုင်နှင့် ရတနာလမ်းရှိ Max စက်သုံးဆီအရောင်းဆိုင်တို့တွင် ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

သုံးခွမြို့နယ်၌ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်းကို မတ်လ ၉ ရက်နံနက် ၁၀ နာရီက သုံးခွမြို့မ‌ဈေးကြီးအတွင်းရှိ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ် ၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ စက်ရုံ၊ အလုပ်ရုံများတွင် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ စက်ရုံ/ အလုပ်ရုံများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်းရှိ အမှတ် (၁၉၈/၁၉)၊ XIE HUI ( ဖိနပ်)စက်ရုံနှင့် ကျီစုစက်မှုဇုန်၊ အမှတ် (၁၇၅/B-2) ၊ ARAO Company Limited (အထည်ချုပ်)စက်ရုံတို့တွင် ယမန်နေ့က ဆောင်ရွက်ခဲ့ပါသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး