ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အပူလှိုင်းအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနှင့် IFRC (SEAP)တို့ ပူးပေါင်း၍ Samplifed Early Action Protocol (Heatwave) စီမံချက်အား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၆) မြို့နယ်တွင် ဆောင်ရွက်လျက်ရှိရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အပူလှိုင်းအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ ၁၁ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ချစ်ကြည်ရင်းနှီးမှု တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ချစ်ကြည်ရင်းနှီးမှု တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေ အနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)ရက် မြန်မာစာစတင်ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ (အ-ထ-က(၁)သင်္ဃန်းကျွန်း၊ အ-ထ-က(၄)သင်္ဃန်းကျွန်း၊ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း (သုဝဏ္ဏ)၊ အ-လ-က(၁)ထ(ခွဲ)သင်္ဃန်းကျွန်း) ကျောင်းများတွင် ယနေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ် စတင်ဖြေဆိုခဲ့ကြသည်။

သာကေတ ၂/မြောက်ရပ်ကွက်တွင် လူငယ်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ငွေလှရတနာဓမ္မစာပေသင်တန်းမှဆောင်ရွက်သည့် လူငယ်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို မတ် ၇ ရက် မွန်းလွဲ ၁ နာရီက ၂/မြောက်ရပ်ကွက်၊ ထူပါရုံ ၂၃ လမ်းထိပ်ရှိ ဓမ္မစေတီနှင့် နှစ်ကျိပ်ရှစ်ဆူ ဗဟိုဓမ္မာရုံတွင် ကျင်းပသည်။

တွံတေးမြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ပြည်သူသို့ပန်ကြားချက်နှင့်ပတ်သက်၍ ယာဥ်များသတ်မှတ်စည်းကမ်းချက်များနှင့်အညီ မောင်းနင်နိုင်ရေးအသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ပြည်သူသို့ပန်ကြားချက်နှင့်ပတ်သက်၍ လုပ်ငန်းသုံးယာဥ်များ၊ ပုဂ္ဂလိကယာဥ်များ၊ ပို့ဆောင်ရေးယာဥ်များအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မောင်းနင်သွားလာရေး အသိပညာပေခြင်းနှင့်စစ်ဆေးခြင်းကို မတ်လ (၇) ရက်နေ့ ညနေ (၄) နာရီအချိန်က တွံတေး-ဒလ၊ တွံတေး-လှိုင်သာယာ-မအူပင်သွားလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် စက်သုံးဆီ‌ရောက်ရှိဖြန့်ဖြူးမှုများအား လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း စက်သုံးဆီ ရောက်ရှိဖြန့်ဖြူးရောင်းချနေမှုများကို ‌မတ်လ (၈) ရက်နေ့ နံနက် (၁၁) နာရီအချိန်က တာဝန်ရှိသူများ လိုက်လံစစ်ဆေးနေကြကြောင်း သိရသည်။

သန်လျင်မြို့ မြို့မစျေးကြီး မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး

သန်လျင်ခရိုင် သန်လျင်မြို့နယ် မြို့မစည်ပင်သာယာစျေးကြီး၌ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို မတ်လ (၉) ရက်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

သန်လျင်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များပေးအပ်လှူဒါန်း

သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်သူတိုးပွားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် အများပြည်သူဖတ်ရှုလေ့လာနိုင်ရေးအတွက် ဦးစံမြင့် (အငြိမ်းစား) ရေနံမှ သုတ၊ ရသ စာအုပ် (၄၀) အုပ်ကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က လှူဒါန်းခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး