ရန်ကုန်တိုင်းဒေသကြီး

ခရမ်းမြို့ သကျမာရဇိန်သွန်းဘုရားကြီးတွင် (၁၀၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မပူဇာသဘင်ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ (၁၀၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဓမ္မပူဇာသဘင် အထူးတရားပွဲကို အမှတ် (၂) ရပ်ကွက်၊ သကျမာရဇိန်သွန်းဘုရားကြီးတွင် ဖေဖော်ဝါရီ (၂၆) ရက်မှ (၂၈) ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်‌ကြောင်း သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် Mobile Training Bus ဖြင့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

အလုပ်သမားရေးရာအသိပညာပေးဆွေးနွေးခြင်းကို ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အလုပ်ရုံနှင့် အလုပ်သမားဥပ‌ဒေစစ်ဆေးရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးက စက်ရုံများအရောက် Mobile Training bus ဖြင့် ယမန်နေ့နံနက် ၁၀ နာရီမှ စတင်ကာ စက်ရုံ (၄) ရုံတွင် ကွင်းဆင်းလှည့်လည်ကာ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

တံတားမြို့၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနအားမီးဘေး ကြိုတင်ကာကွယ်ရေးကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၊ နယ်​မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဒေါပုံသင်္ဘောကျင်းဝင်းအတွင်း၌ အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တည်ဆောက်မည့် Simulator Assessment Centre နှစ်ထပ် (RC) အဆောက်အအုံ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒေါပုံသင်္ဘောကျင်းဝင်းအတွင်းရှိ မြေနေရာ၌ အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တည်ဆောက်မည့် Simulator Assessment Centre နှစ်ထပ် (RC) အဆောက်အအုံ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဝင်းအတွင်း၌ ကျင်းပသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံအလိုက် မဲပေးမှု ၅၀%နှင့်အထက်ရရှိ‌သော မဲရုံများအား ဂုဏ်ပြုပွဲအခမ်းအနား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံအလိုက်မဲ‌ ပေးမှု ၅၀% အထက်ရရှိ‌သော မဲရုံများအား ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး မြိုနယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ YADANASU Co.,Ltd (သဘာဝဓာတ်ငွေ့အရောင်းဆိုင်) တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ YADANASU Co.,Ltd (သဘာဝဓာတ်ငွေ့ အရောင်းဆိုင်) သို့ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး‌ ဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်‌ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ယမန်နေ့နံနက် ‌‌‌‌၉ နာရီအချိန် မြို့နယ်အတွင်း မီးဘေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြသည်။

လမ်းမတော်မြို့နယ်၌ အထူးကုဆေးခန်းများနှင့် ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်၊ ဆေးဝါးရောင်းချခွင့်လက်လီလိုင်စင် (သက်တမ်းတိုး) များကို ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီအဖွဲ့မှ အထူးကုဆေးခန်း (သက်တမ်းတိုး) များနှင့် ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ၊ ဆေးဝါးရောင်းချခွင့်လက်လီလိုင်စင် (သက်တမ်းတိုး) များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

တွံတေးမြို့နယ်၌ Grade-5၊ Grade-9 စာမေးပွဲဖြေဆိုမည့် ကျောင်းများ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂ဝ၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် Grade-5၊ Grade-9 စာမေးပွဲဖြေဆိုမည့် ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး တာဝန်ရှိသူများ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့ပေါ်စာစစ်ဌာနများဖြစ်သော အ.ထ.က (၁) နှင့် အ.ထ.က (၂) တို့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး