ရန်ကုန်တိုင်းဒေသကြီး

မြို့တည် ၃၉ နှစ်ပြည့် မော်ကွန်းမဂ္ဂဇင်းမိတ်ဆက်ပွဲနှင့် သက်ကြီးစာရေးဆရာ/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ညရွှေပြည်သာမြို့နယ်စာရေးဆရာအသင်း၏ မြို့တည် ၃၉ နှစ်ပြည့် မော်ကွန်းမဂ္ဂဇင်းမိတ်ဆက်ပွဲနှင့် သက်ကြီးစာရေးဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စာရေးဆရာအသင်း အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော် (၁၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် အသံမစဲအဘိဓမ္မာ(၇)ကျမ်း ဒေသနာရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

‎ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီး၏ (၁၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး ယာဥ်ရပ်နားကွင်း မုခ်ဦး၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင်၂၀၂၆ ခုနှစ် ရိုးမ - ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ (၂၁ ကီလို)၊ (၁၀ ကီလို)နှင့် (၅ ကီလို) ပြိုင်ပွဲများအား ယနေ့ နံနက် ၅ နာရီအချိန်တွင် စတင်ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG) မှ ကြီးမှူးကျင်းပသော ကချင်မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးနှောဖလှယ်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG) ကြီးမှူး၍ အမျိုးသမီးကော်မတီနှင့် လူငယ်ကော်မတီများက ပထမဆုံးအကြိမ်အဖြစ် ဦးစီးကျင်းပသော ကချင်တိုင်းရင်းသားမျိုးနွယ်စုများအလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးနှောဖလှယ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးချီးမြှင့်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့မှူးမြို့နယ်အတွင်းရှိ မဲရုံ (၁၀၀) အား ချီးမြှင့်ငွေများ ပေးအပ်

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပခဲ့ရာတွင် မဲဆန္ဒရှင်အင်အား (၅၀) ရာခိုင်နှုန်းနှင့်အထက် မဲပေးခဲ့သည့် ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက်မဲရုံများအား တစ်ရုံလျှင် (၁) သိန်းကျပ်နှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဲရုံ (၁၀၀) ရုံအတွက် ငွေကျပ်သိန်း (၁၀၀) အား ချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် အိုင်ကလောင်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ထပ်တိုးဆောင်ရွက်ခွင့်ရသော မိသားစုဝင်ငွေတိုးပွားရေး မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (ပထမအကြိမ်) ထုတ်ချေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ထပ်တိုးဆောင်ရွက်ခွင့်ရသော မိသားစုဝင်ငွေတိုးပွားရေး မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (ပထမအကြိမ်) ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖိုးခေါင်ကျေးရွာအုပ်စု၊ အိုင်ကလောင်ကျေးရွာ၌ ကွင်းဆင်းထုတ်ချေးပေးသည်။

ဒဂုံမြို့နယ်တွင် အသည်းရောင်ရောဂါ (A) ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက အသည်းရောင်ရောဂါ (A) ကာကွယ်ဆေးထိုးနှံပေးခြင်းအား​ ဦးဝိစာရရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကော့မှူးမြို့တွင် ဆောင်းသီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံနေကြာစိုက်တောင်သူများ စိုက်ပျိုးထားသော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

သံဃာတော်အရှင်သူမြတ်များအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာ၀န်ရှိသူများက သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဌသံဂါယနာ မဟာပါသာဏလှိုင်ဂူသိမ်တော်ကြီးတွင် ကျင်းပလျက်ရှိသော နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးတွင် သံဃာတော်အရှင်သူမြတ်များ ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။

ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် ကျောင်းများသို့ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်‌စေရေးကွင်းဆင်းစစ်‌ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး