စမ်းချောင်းမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) အကြောင်း အသိပညာပေး
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်၌ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) အကြောင်း အသိပညာပေးဟောပြောပွဲကို မတ် ၂၄ ရက်နေ့က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။