တာမွေမြို့နယ်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မတ္တာညွန့်ရပ်ကွက် စက်မှု (၄) လမ်းရှိ ယာယီတည်းခိုစခန်းဖွင့်လှစ်ထားသော သုဓမ္မကာရီဓမ္မာရုံတွင် တာမွေမြို့နယ်ရှိ မီးဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။