ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ဗီယက်နမ်-မြန်မာချစ်ကြည်ရေး ပထမအကြိမ် ဗီယက်နမ်နိုင်ငံ၏ နှစ်သစ်ကူးအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၀) ရပ်ကွက်၊ ရမ္မာဝတီလမ်းတွင် ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအရ တည်ဆောက်ကိုးကွယ်လျက်ရှိသော မဟာပုညဝိဟာရဗီယက်နမ်ကျောင်းတိုက်၊ မဟာပုညာဓိပတိသိမ်တော်ကြီး၌ ကျင်းပပြုလုပ်အပ်သော ဗီယက်နမ်နိုင်ငံတော်၏ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် ကျောင်းများသို့ မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်‌စေရေးကွင်းဆင်းစစ်‌ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများတွင် မီးလောင်မှု/ မီးလန့်မှုများမဖြစ်ပေါ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် အောင်ကျော်ဆန်းစာပေတိုက် ဖွဲ့စည်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အောင်ကျော်ဆန်းစာပေတိုက် ဖွဲ့စည်းဆောင်ရွက်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် Youth Club နှင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

တွံတေးမွေးမြူရေးဇုန်၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဇီဝလုံခြုံရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မွေးမြူရေးဇုန်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါမွေးမြူရေးဇုန် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အာကာသပြတိုက် (ရန်ကုန်) တွင် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ရင်ပြင်၊ အာကာသပြတိုက် (ရန်ကုန်) တွင် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ယခုလ ၂၇ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ဆောင်ရွက်လျက်ရှိသည်။

သုံးခွမြို့နယ် စီကြီးကုန်းကျေးရွာ၌ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဇီဝလုံခြုံမှုအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်၊ ရေပေါ်ကန်ကျေးရွာအုပ်စု၊ စီကြီးကုန်းကျေးရွာဓမ္မာရုံတွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဇီဝလုံခြုံမှုအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သုံးခွမြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်နိုင်ရေး ပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးဆောင်မှုဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်နိုင်ရေး ပညာပေးကွင်းသရုပ်ပြပွဲကို သိုက်တူးကန်ကျေးရွာ တောင်သူဦးမောင်မြင့်၏ ကွင်း၊ ဦးပိုင်အမှတ် -၈၄၆ ၊ A, ၁၅ /၂ ပဲတီစိမ်း ၁၀ ဧက စိုက်ခင်းရှိ တောင်သူပညာပေးခန်းမတွင် ​ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာကောင်းစံသာ(ရေကြည်)ရေးသားသည့် “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး