ရန်ကုန်တိုင်းဒေသကြီး

ကွမ်းခြံကုန်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ညနေပိုင်းက အောင်ဆန်းသူရိယလှသောင်း အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် မွေးမြူရေးဇုန်၌ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဇီဝလုံခြုံမှုအသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊‌ ကော့မှူးမြို့နယ် မွေးမြူရေးဇုန် အုပ်ချုပ်မှုရှင်းလင်းဆောင်ခန်းမ၌ ယမန်နေ့နံနက်က တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့‌ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ဇီဝလုံခြုံမှုဆိုင်ရာအသိပညာပေးဟောပြော ထန်းတပင်

တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇီဝလုံခြုံမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က အဆိုပါဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ Winner Petrol စက်သုံးဆီအရောင်းဆိုင်နှင့် ထွန်း‌တောက်စက်သုံးဆီ အရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို ယမန်နေ့က Winner Petrol စက်သုံးဆီအရောင်းဆိုင်နှင့် ထွန်း‌တောက်စက်သုံးဆီအရောင်းဆိုင်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ကြီးမှူး၍ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁)ကို ယနေ့နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီကျောင်းတိုက်ကြီးတွင် ဖွင့်လှစ်ခဲ့ကြသည်။

ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများ စစ်ဆေး

ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ Apex Gas &Oil စက်သုံးဆီသိုလှောင်ကန်၏ မီးဘေးလုံခြုရေးအတွက် ဆောင်ရွက်ထားရှိမှုကို ယမန်​နေ့ ညနေပိုင်းက ကျောက်တန်းမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်းနှင့် အဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်၊၊

တိုက်ကြီးမြို့နယ်၌ အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်ပါ မီးသတိပေးဆိုင်းဘုတ် စိုက်ထူပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်း ဆောင်ပုဒ်နှင့်အညီ မီးဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ အသိပေးဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီက တာခွကျေးရွာ၊ ရန်ကုန်-ပြည် ကားလမ်းဘေးတွင် ဆောင်ရွက်သည်။

တိုက်ကြီးမြို့နယ်၌ ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ သယ်ယူမှု အဆင်ပြေချောမွေ့စေရေး ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ယူနိုင်စေရေးအတွက် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပေးခြင်းနှင့် ကျေးရွာတွင်းလမ်းများ ရာသီမရွေး သွားလာနိုင်စေရေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ကျောက်တန်းမြို့နယ်၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဇီဝလုံခြုံမှု အသိ ပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊‌ ကျောက်တန်းမြို့နယ် ၊ရွှေပြည်သာယာရပ်ကွပ် ဓမ္မာရုံ၌ ယနေ့မွန်းလွဲပိုင်းက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာဇီဝလုံခြုံမှု အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့‌ကြောင်းသိရသည်။

သန်လျင်(ဗဟို)မူလွန် ရာပြည့်ပွဲတော်ကျင်းပရေး ညှိနှိုင်းဆွေးနွေး

သန်လျင်ခရိုင်၊ သန်လျင်မြို့ ဗဟို(မူလွန်)ကျောင်း နှစ် (၁၀၀) ပြည့် ရာပြည့်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီတွင် ယင်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး