ရန်ကုန်တိုင်းဒေသကြီး

ကော့မှူးမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး) ဒေါက်တာထွန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စန်းစန်းအေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း ကော့မှူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပျဉ်းကတိုး-ချောင်းဝလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု မြေပြင်အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး အသွေးအသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့်လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်သုံးဆီအ‌ရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့က တောင်ဘက်ပိုင်းရပ်ကွက်တွင် ကွင်းဆင်းစစ်‌ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် ပြည်သူများအား စားအုန်းဆီရောင်းချ‌ပေးနေမှုနှင့် နွေစပါးစိုက်ပျိုးထားရှိမှုအား လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်စားအုန်းဆီကြီးကြပ်ရေးအဖွဲ့မှ စားအုန်းဆီအရောင်းဆိုင်များက ပြည်သူများသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိကို ယမန်နေ့နံနက်က တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တိုက်ကြီးမြို့နယ်၌ (၃၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပြန့်ပွားရေး စာမေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ပရိယတ္တိပြန့်ပွားရေးအဖွဲ့ အနေဖြင့် သာသနာတော်၏ မူလဘူတဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားစေရန်ရည်ရွယ်၍ ပါဠိပထမပြန်စာမေးပွဲ၏ အထောက်အကူဖြစ်သော ပရိယတ္တိပြန့်ပွားရေးစာမေး၌ပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ (၃၄) ကြိမ်မြောက် စာမေးပွဲကို မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပလျက်ရှိသည်။

ကော့မှူးမြို့နယ် ငှက်‌အော်စမ်းကျေးရွာ၊ မဆယ်ဆိပ်ကျေးရွာ၊ မှော်တောကျေးရွာ၊ ဝါးသင်္ခ ကျေးရွာများရှိ စားအုန်းဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်စားအုန်းဆီကြီးကြပ်ရေးအဖွဲ့မှ စားအုန်းဆီအရောင်းဆိုင်များက ပြည်သူများသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/ မရှိကို ယမန်နေ့နံနက်က တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာ‌တော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသမထေရ်မြတ်၏ သက်တော် ၈၇ နှစ်ပြည့် မွေးနေ့ကုသိုလ်တော် မင်္ဂလာအခမ်းအနား ကျင်းပ

နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု သက်တော်ရှည် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာ‌တော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသမထေရ်မြတ်၏ သက်တော် ၈၇ နှစ်ပြည့် မွေးနေ့ကုသိုလ်တော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရွာမပရိယတ္တိစာသင်တိုက်ရှိ စိန်ရတုသာသနာဝင် လေးထပ်ကျောင်းဆောင်တော်ကြီး(အောက်ထပ်)တွင် ကျင်းပသည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲ နောက်ဆုံးရက်တွင် ဈေးဝယ်လာ ပြည်သူများဖြင့် စည်ကား

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နောက်ဆုံးရက်တွင် ဈေးဝယ်လာပြည်သူများဖြင့် စည်ကားခဲ့သည်။

သာကေတမြို့နယ် ဟင်္သာတအတွင်းပတ္တမြားစာသင်တိုက်ခွဲတွင် အကြိမ် (၄၀) မြောက် ပရိယတ္တိသာသနာနုဂ္ဂဟအသင်း စာအောင်ဆု​နှင်းသဘင်ကျင်းပ

သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈ တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်အနီးရှိ ဟင်္သာတအတွင်းပတ္တမြားစာသင်တိုက်ခွဲတွင် ဟင်္သာတအတွင်းပတ္တမြားစာသင်တိုက်ခွဲ သြဝါဒါစရိယနှင့် ဂဏဝါစကဆရာတော်ကြီးများ ကြီးမှူးကျင်းပသည့် ပရိယတ္တိသာသနာနုဂဟ္ဟအသင်း အကြိမ် (၄၀)မြောက်  စာအောင်ဆုပေးအပ်ခြင်းကို  ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး