(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲ ပထမနေ့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် လာရောက်လေ့လာ ကြည့်ရှုသူ ပြည်သူများဖြင့် စည်ကား
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာ ပြခန်းများ၊ MSME ထုတ်ကုန်အရောင်းဆိုင်များတွင် ကျောင်းသား၊ ကျောင်သူများနှင့် လာရောက်လေ့လာကြည့်ရှုသူ ပြည်သူများဖြင့် စည်ကားခဲ့သည်။