လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျင်းပသည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့်ဂီတ ဖျော်ဖြေပွဲ(ပဉ္စမည) ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကား
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းထောင့်ရှိ ဘုရင့်နောင်ပန်းခြံတွင် ကျင်းပလျက်ရှိသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ (ပဉ္စမည)တွင်လည်း ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားလျက်ရှိသည်။