ရန်ကုန်တိုင်းဒေသကြီး

ကော့မှူးမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၇) နာရီအချိန်က မြို့သစ်ရပ်ကွက် အ‌ခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)နှင်းဆီခန်းမ၌ ကျင်းပခဲ့သည်။

တွံတေးမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင်ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ အချိန်က တွံတေးမြို့နယ်၊(ခ)အဆင့်အားကစားရုံ၌ကျင်းပခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ (၇၉)နှစ်မြောက်  ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် သန်လျင်တပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က တံတားမြို့ရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဝိဇ္ဇာဓမ္မသာသနာ့ဗိမ္မာန်၌ သံဃာတော်များနှင့်  ဒေသခံပြည်သူများကို ယမန်နေ့နံနက် (၉) နာရီမှ မွန်းလွဲ (၃) နာရီထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

သင်္ဃန်းကျွန်းခရိုင်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန်ဝေ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသည့် သတင်းစကားအသိပညာပေးလက်ကမ်းစာစောင်များအား ၂၀၂၆ခုနှစ် ယနေ့တွင် ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်လာသူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ တင်းနစ်အားကစားကွင်းတွင် ကျင်းပသည်။

ထန်းတပင်မြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကုမုဒြာပန်းခြံတွင် ကျင်းပပြုလုပ်သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်‌ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်း​​ကျောင်း နတ်သျှင်နောင်ခန်းမ၌ ကျင်းပသည်။

မရမ်းကုန်းမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားပွဲ အခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၃၇) ရပ်ကွက်၊ ပင်လုံလမ်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းတွင် ယနေ့ နံနက် ၇ နာရီက ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး