ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမှတ် (၉၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမှတ် (၉၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီက အမှတ် (၉၄) ရပ်ကွက်၊ ပိုက်ကျော်ခြင်းကွင်းတွင် ကျင်းပသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ပြည်သူများအ​​နေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော သန့်ရှင်းသောသောက်သုံးရေများ စဉ်ဆက်မပျက်ရရှိစေရန်နှင့် အမှိုက်များ စနစ်တကျမစွန့်ပစ်ခြင်းများကြောင့် ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုနည်းပါးစေရန်ရည်ရွယ်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေး​ခြင်းနှင့် ကွင်းဆင်းစစ်ဆေး​ခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီက အမှတ် (၉၃) ရပ်ကွက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မိုးဦးပန်းခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွှဲ (၂) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို ယမန်နေ့ကဈေးပိုင်းရပ်ကွက် မြို့မဈေး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စတုတ္တအကြိမ် ချေးငွေပြန်လည်ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း‌ (ဆီထွက်သီးနှံ) စတုတ္တအကြိမ် ချေးငွေပြန်လည်ထုတ်ပေးခြင်းကို ယမ‌န်‌နေ့က တော်ခရမ်း‌လေးကျေးရွာနှ‌င့်‌ တော်ခရမ်အနောက်၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး (အလွတ်တန်း) တင်းနစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား၊ အမျိုးသမီး (အလွတ်တန်း) တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကမာရွတ်မြို့နယ်၊ သထုံလမ်း တက္ကသိုလ်တင်းနစ်အားကစားကွင်း၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ် အမှတ် (၂) မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ကာယစွမ်းရည်ပြိုင်ပွဲကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၂) မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့နယ်၌ မီးဘေးအသိပညာပေးဟောပြော

ကျောက်တန်းမြို့နယ်၌ မီးဘေးအသိပညာပေးဟောပြောဆောင်ရွက်ခြင်းကို ကျောက်တန်းမြို့နယ် ဒဂုံ-သီလဝါလမ်းမကြီးတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ဒလမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) သမ္ဘာန်ချောင်းကျေးရွာ၌ စတုတ္တအကြိမ် ချေးငွေထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာသူ၊ ကျေးရွာသားများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်​ငွေတိုးစီးပွား​ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း (ဆီထွက်) အရင်းမ​​ပျောက်လည်ပတ်ရန်ပုံ​ငွေများ ထုတ်​ချေးခြင်းကို ယ​မန်နေ့ နံနက်ပိုင်းက သမ္ဘာန်​ချောင်း​ကျေးရွာ၌ ထုတ်​ချေးခဲ့ကြသည်။

သန်လျင်မြို့နယ်ရှိ ပုဂ္ဂလိကအထူးကုဆေးခန်းနှင့် အထွေထွေရောဂါကုဆေးခန်းများ လိုင်စင်သစ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းများ စစ်ဆေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ ပုဂ္ဂလိကပိုင်အထူးကုဆေးခန်းများနှင့် အထွေထွေရောဂါကုဆေးခန်းများ လိုင်စင်အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး