ရန်ကုန်တိုင်းဒေသကြီး

သန်လျင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများ၌ ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများ၌ ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးများတိုက်ကျွေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်ဆိပ်ကျေးရွာနှင့် ပုဂံတောင်ကျေးရွာများရှိ ကျန်းမာရေးဆေးပေးခန်းများ၌ တိုက်ကျွေးဆောင်ရွက်ခဲ့ကြသည်။

ဒလမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား သုံးခွမြို့၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ကျေးရွာပေါင်းစုံ အမျိုးသား (၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာကေတမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၂) ရက်နေ့၌ ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် (၁၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCenter) ခန်းမတွင် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community-Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီ အချိန်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့် ပြည်လုံးချမ်းသာအောင် သိဒ္ဓိစေတီတော်ကြီး၏ (၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မပူဇာအထူးတရားပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက်၊ သန္တာ (၁၆) လမ်းရှိ မာန်အောင်ကျောင်းတိုက်၊ နတ်မောက်ကျောင်း ဆုတောင်းပြည့်ပြည်လုံးချမ်းသာအောင် သိဒ္ဓိစေတီတော်ကြီး၏ (၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဓမ္မပူဇာ အထူးတရားပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်၌(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲပြုလုပ်ကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် (၇၉) နှစ်ထောင်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများကို ယမန်နေ့ နံနက် (၈) နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ် မြို့နယ်အားကစားကွင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ ကာလစည်းကမ်းသတ်မှတ်ချက်ကျော်လွန်သော ရွှေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်သော စာရွက်စာတမ်းများ မီးရှို့ဖျက်စီးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စု‌ပေါင်းရုံး၀န်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ သတ်မှတ်ကာလစည်းကမ်းကျော်လွန်သော စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ သတ်မှတ်ကာလစည်းကမ်းကျော်လွန်သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများအား သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၁၁၁ (ခ) ပါ ပြဌာန်းချက်အရ ကာလစည်းကမ်းသတ်မှတ်ချက်ကျော်လွန်ပြီ ဖြစ်ပါ၍ စနစ်တကျမီးရှို့ဖျက်ဆီးနိုင်ရေး ဘုတ်အဖွဲ့ဖြင့် ယမန်နေ့ ၁၀ ခွဲနာရီအချိန်က မီးရှို့ဖျက်ဆောင်ရွက်ခဲ့ပါသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ယခုအခါ ပူပြင်းခြောက်သွေ့သောရာသီသို့ ကျ‌‌ရောက်လာပြီဖြစ်ရာ မီးမတော်တဆမှုများနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပူးပေါင်းအဖွဲ့များဖြင့် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး