ရန်ကုန်တိုင်းဒေသကြီး

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ အကျိတ်အနယ်ယှဉ်ပြိုင်

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ (၂၆) ရက် ညနေပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ မြို့နယ်ဘောလုံးအားကစားကွင်း၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၊ သုဝဏ္ဏကွင်း၊ ပဒုမ္မာတို့၌ အကျိတ်အနယ်ယှဉ်ပြိုင်ကစားလျက်ရှိရာ ယ‌‌မန်နေ့ မွန်းလွဲ (၃) နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြိုနယ်၊ အမှတ် (၂၅) ရပ်ကွက်ရှိ မြို့နယ်ဘောလုံးအားကစားကွင်းတွင် ကျောက်တံတားခရိုင်အသင်းနှင့် သန်လျင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ရာ သန်လျင်ခရိုင်အသင်းက ကျောက်တံတားခရိုင် အသင်းကို (၂) ဂိုး (၁)ဂိုးဖြင့် အနိုင်ရသည်။

ကော့မှူးမြို့နယ်အတွင်း လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များအားနေ့တွက် စရိတ်နှင့် ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား ၂/၂၀၂၆ လအတွက်‌ နေ့တွက်စရိတ်နှင့် ရိက္ခာစိုငွေများ ပေးအပ်ပွဲကို အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက တောင်ပိုင်းရပ်ကွက် ‌မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်‌ဆေး

ပွင့်လင်းရာသီရောက်ရှိလာသောကြောင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မီး‌ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့ ညနေ ၄ နာရီက မြို့မဈေးကြီးအတွင်း လှည့်လည်စစ်ဆေးနေကြောင်း သိရသည်။

ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ၌ ဆေးစိမ်ခြင်ထောင် (၁၀၄၂) လုံးပေးအပ်

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့ နယ်အဖျောက်ကျေးရွာအုပ်စု၌ ငှက်ဖျားဖြစ်နိုင်‌ခြေရှိသော မိသားစုများ၊ အသက် ၅ နှစ်အောက်ရှိသော မိသားစုဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၆၀) နှစ်အထက်ရှိသော မိသားစုဝင်များအား‌ ယနေ့နံနက်က ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်‌‌ပေးအပ်ပွဲကို အ‌ဖျောက်ကျေးရွာသုခဝါသတန်ဆောင်း၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲများ ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် 5×5 အလွတ်တန်း အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် 3×3 (U-16/U-20) အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီ ၇ ရက်နေ့ နံနက်က ဗဟန်းမြို့နယ် ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ ကျင်းပသည်။

သန်လျင် ဗဟို (မူလွန်) ရာပြည့်ပွဲတော်ကျင်းပရေးဆွေးနွေး

သန်လျင်ခရိုင်၊ သန်လျင်မြို့ ဗဟိုမူလွန်ကျောင်း တည်ထောင်ခြင်းနှစ် ၁၀၀ ပြည့် ရာပြည့်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ကြသည်။

တိုက်ကြီးမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဂျိုးဖြူအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံရှိ ခြင်းလုံရုံတွင် ဆောင်ရွက်လျက်ရှိသည်။

သုံးခွမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားရပ်ကွက်၊ ကျေးရွာပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ နံနက်၈ နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တွံတေးမြို့နယ် အဂါတ္တန်းကျေးရွာ ပန်းဥယာဥ်ကျောင်းတိုက်၌ အခြေခံဗုဒ္ဓဘာသာသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ အဂါတ္တန်းကျေးရွာ ပန်းဥယျာဥ်ကျောင်းတိုက်တွင် ကျောင်းသား၊ ကျောင်းသူများ ယဥ်ကျေးလိမ္မာသော သားငယ်၊ သမီးငယ်များ ဗုဒ္ဓဘာသာအကြောင်း သိရှိစေရန်အတွက် အကြိုတရားပွဲနှင့် အခြေခံဗုဒ္ဓဘာသာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ နေလယ် ၁ နာရီမိနစ် ၃၀ အချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီက တာခွကျေးရွာအုပ်စု၊ အင်းယက်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး