ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၂၀) အခြေခံပညာမူလတန်းကျောင်း၊ မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် (၁၀) နာရီက အမှတ် (၂၀) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ကြကြောင်း သိရသည်။