ရန်ကုန်တိုင်းဒေသကြီး

ကျောက်တန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ကျောက်တန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပမည့် မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ယမန်နေ့နံနက် ၉ နာရီမှ စတင်ပြီး ကျေးရွာများသို့ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

ကျောက်တံတားမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ‌ ဆန္ဒမဲပေးလျက်ရှိ

ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများ‌အနေဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်တွင် ယနေ့ နံနက် (၆) နာရီမှ စတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ  စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများအဖွဲ့ (သန်လျင်) မြို့နယ်အတွင်းရှိ ပြည်သူများ ဆန္ဒမဲလာရောက်ပေးနေမှုအခြေအနေများ လိုက်လံကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပလျက်ရှိရာ မြို့နယ်အတွင်းရှိ မဲရုံများ၌ ပြည်သူများ ဆန္ဒမဲများ လာရောက်ပေးနေမှုအခြေအနေကို ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများအဖွဲ့သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် သန်လျင်မြို့သို့ ရောက်ရှိပြီး သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် ကော်မတီဝင်များ၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ကော်မတီဝင်များ၊ သန်လျင်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ ကြိုဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဥပဒေချုပ် ဒေါ်ဖြူမာဝေ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မဲရုံများ၌ ဆန္ဒမဲပေးနေမှုအခြေအနေအား လှည့်လည်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဥပဒေချုပ် ဒေါ်ဖြူမာဝေသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အပိုင်း (၁) တွင် ပါဝင်သည့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုအခြေအနေများကို ယနေ့ နံနက် ၉ နာရီက လှည့်လည်ကြည့်ရှုသည်။

တိုက်ကြီးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်၍ ရပ်ကွက်/ကျေးရွာ အုပ်စုအသီးသီးရှိ မဲရုံများတွင် ကျင်းပရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။

အလုံမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ‌ ဆန္ဒမဲပေးလျက်ရှိ

အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ‌အနေဖြင့် ယနေ့နံနက်ပိုင်းက ၂၀၂၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ စတင်မဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက် နေ့ ယနေ့တွင်စတင်ကျင်းပလျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြိုနယ်၌ ယနေ့နံနက် (၆)နာရီမှစတင်ကာ မဲရုံအသီးသီး၌မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေး လျက်ရှိကြသည်။

မရမ်းကုန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲအပိုင်း (၁) တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မရမ်းကုန်းမြို့နယ်တွင် ယနေ့နံနက် (၆) နာရီအချိန်မှစတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါရှိသည့် သင်္ဃန်းကျွန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါရှိသည့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှစတင်ကာ ပြည်သူများ ဆန္ဒမဲပေး​လာရောက်ပေးကြကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး