ရန်ကုန်တိုင်းဒေသကြီး

တွံတေးမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာသင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်၊ ဓမ္မာလင်္ကာရပရိယတ္တိစာသင်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ ယဥ်ကျေးလိမ္မာသော သားငယ်၊ သမီးငယ်များ ဗုဒ္ဓဘာသာအကြောင်း သိရှိစေရန်အတွက် အခြေခံဗုဒ္ဓဘာသာသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့ နေလယ် ၁ နာရီ မိနစ် ၃၀ အချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ ကျောင်းပြင်ပအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံပေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ကျောင်းပြင်ပအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံခြင်းကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက ဒေဇတ်ကျေးရွာအုပ်စု၌ ထိုးနှံခဲ့ကြသည်။

သန်လျင်ကျိုက်ခေါက်စေတီ မဟာပဌာန်းရွတ်ဖတ်ပူဇော်မည်

သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပမည့် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲကို ဇန်နဝါရီ (၃၀) ရက်နံနက်တွင် စေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဆရာတော်ကြီးများက အနေကဇာတင်တော်မူကြပြီး အသံမစဲမဟာပဌာန်းကျမ်းမြတ်ပူဇော်ပွဲကို ကျင်းပမည်ဖြစ်သည်။

သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ကျိုက်ခေါက်စေတီတော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြသည်။

ဒေါပုံမြို့နယ်တွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး လူငယ်စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ငယ်ရွယ်စဉ်မှအစပြု၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သန်လျင်မြို့ မြို့ဟောင်းအရှေ့ မူလွန်ကျောင်း၌ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့ဟောင်းအရှေ့အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) သို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာဆန္ဒမဲပေးရွေးချယ်

အများယုံကြည်ထောက်ခံသည့် ရွေးကောက်ပွဲမှသည် ''ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့" ဆောင်ပုဒ်နှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ မဲရုံ (၁၀၃) ရုံ၌ မဲဆန္ဒရှင်ပြည်သူများ မိမိတို့ကြိုက်နှစ်သက်ရာကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာရွေးချယ်လျက် ဆန္ဒမဲပေးကြသည်။

သင်္ဃန်းကျွန်းခရိုင်တွင် ဆီစားများခြင်းနှင့် ကျန်းမာရေးအန္တရာယ်အသိပညာပေး Talk Show ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စိုးယုလှိုင်နှင့် စာရေးဆရာမ ပေါက်ပေါက်တို့က ဆီစားများခြင်းနှင့် ကျန်းမာရေးအန္တရာယ်အသိပညာပေး Talk Show အား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး