ရန်ကုန်တိုင်းဒေသကြီး

မရမ်းကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေးသရုပ်ပြပွဲ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေးသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စည်ပင်သာယာရေး‌ကော်မတီမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

မရမ်းကုန်းမြို့နယ်တွင် သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် သန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် ယမန်နေ့ နံနက် ၈ နာရီတွင် မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ ကျိုက်ဝိုင်းဘုရားလမ်း (Terminal ဆီဆိုင်မှ ကျိုက်ဝိုင်းဘုရား) တစ်လျောက်တွင် အုပ်မိုးနေသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်၊ ခေမာသီလမ်းတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။

ကော့မှူးတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးဆွေးနွေး

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးဆွေးနွေးပွဲကို ယ‌နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ တုံးတင်ဂံ (တောင်) ကျေးရွာအုပ်စု၊ တုံးတင်ဂံ (တောင်) ကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ဖြည့်စွက်) ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သောက်သုံးရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ယမန်နေ့ ည​နေ (၃) နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် ရှေးဟောင်းခုနစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနှစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၄ နာရီအချိန်က ‌ဥက္ကလာပစေတီရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာဆက်ကပ်လှူဒါန်း

(၇၈) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရတိပိဋကကောဝိဒ (၁၈) ပါးမြောက် ဘွဲ့တံဆိပ်တော်မြတ်ရရှိတော်မူသည့် ဘဒ္ဒန္တဝိစိတ္တသာရဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၌ ကျင်းပရာ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် (၂၉) ကြိမ်မြောက် ဂိုဏ်း‌ပေါင်းစုံဆရာ‌တော်ကြီးများ ကြီးမှူးကျင်းပသော ဝိနယပဋိပန္ဓစာအောင်ဆု ဆက်ကပ်ပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် (၂၉) ကြိမ်မြောက် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ ကြီးမှူးကျင်းပသော ဝိနိယပဋိပန္ဓစာအောင်ဆု ဆက်ကပ်ပေးအပ်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် အတုလအောင်ဇေယျုံ ဆုတောင်းပြည့်စေတီတော် (ဦးဘိုးလှဘုရား) သာသနာ့ဗိမာန်၌ ကျင်းပသည်။

တွံတေးမြို့နယ် မြဂိုးထူပါရုံကျောင်းတိုက်အတွင်း စိန်မြင့်တင်စေတီတော်ရင်ပြင်၌ နှစ်သစ်ကူး နှစ်ဦးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မင်းပိုင်းရပ်ကွက်မြဂိုး ထူပါရုံကျောင်းတိုက်တွင် မြဂိုးမိသားစုများက ကြီးမှူးကျင်းပပြုလုပ်သည့် နှစ်သစ်ကူးနှစ်ဦးတရားအလှူတော်ဓမ္မသဘင်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့ ည (၇) နာရီအချိန်က မြဂိုးထူပါရုံကျောင်းတိုက်အတွင်း "စိန်မြင့်တင်စေတီတော်ရင်ပြင်" ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး