တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် သာစည်မြို့နယ်၌ မဲရုံနှင့် မဲပေးစက်များခင်းကျင်းပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၇ ရက်မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက မဲရုံပြင်ဆင်ထားမှုအခြေအနေများနှင့် မဲပေးစက်များ ခင်းကျင်းပြင်ဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးသည်။