စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဆဌမနေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးစီး
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ မတ် ၁၁ ရက်မှစတင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနသုံးခု၌ မတ် ၁၇ ရက် နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ဆဌမနေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူ အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။