၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရမည်းသင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၁၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ရမည်းသင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန ခုနှစ်နေရာ၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၉၄ ဒသမ ၇၈ ရာခိုင်နှုန်း ဖြေဆိုခဲ့သည်။