မန္တလေးတိုင်းဒေသကြီး

​​​​​​​မြစ်သားမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်မဲပေးပိုင်ခွင့်ရှိသူသူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီအချိန်က မြစ်သားမြို့ဆိုင်းဘုတ်၊ သံလမ်းဆုံအနီး၊ မြင်းခြံ- နွားထိုးကြီး-မြစ်သား-လက်ညိုးထိုးကားလမ်းမပေါ်၌ ဖြန့်ဝေ‌ပေးခဲ့သည်။

ကျောက်ဆည်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မုန့်ပေါင်းကျေးရွာ “အလင်းသစ်” စာကြည့်တိုက်၌ အသိပညာပေး ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ Voter Slip များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲအမှတ်စဉ်များ အလွယ်တကူသိရှိပြီး အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် Voter Slip များ လိုက်လံဖြန့်ဝေပေးခြင်းကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ရက်ကွက်များအလိုက် ဆောင်ရွက်ပေးခဲ့သည်။

စဉ့်ကိုင်မြို့နယ် ဘဝအလင်းသစ်စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ) တို့ ပူးပေါင်း၍ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ် စာစောင်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က သင်္ဂတုံကျေးရွာရှိ “ဘဝအလင်းသစ်” စာကြည့်တိုက်၌ ကျင်းပသည်။

ပြင်ဦးလွင်မြို့နယ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အေးမြချမ်းသာ သီလရှင်စာသင်တိုက်တွင် ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များအား ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား အမျိုးသားသဘာဝေဘးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သော ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများပေးအပ်ခြင်းကို ချမ်းအေးသာစံမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

တောင်သာမြို့နယ်၌ မဲရုံပတ်ဝန်းကျင်အနီး နေအိမ်များ မီးဘေးလုံခြုံစေရေး ဆောင်ရွက်

တောင်သာမြို့၌ မဲရုံပတ်ဝန်းကျင်အနီး‌ နေအိမ်များ မီးဘေးလုံခြုံရေးကို ယနေ့နံနက် ၁၀ နာရီမှစ၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး သတင်းစကား လက်ကမ်းစောင်များကို ယနေ့နံနက် ၈ နာရီက မြို့လယ်ခေါင် နာရီစင်၊ အမှတ် ၂ ရပ်ကွက်လမ်းဆုံ၊ ပြောင်းပြာတံတားလမ်းဆုံ၊ အဝေးပြေးကားကွင်းလမ်းဆုံ၊ မြင်းခြံ-ညောင်ဦး လမ်းဆုံ၊ ဘူတာလမ်းဆုံနှင့် စည်ပင်သာယာဈေးကြီးတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် အစိုးရပါဠိ ပထမပြန် စာအောင်သံဃာ၊ သီလရှင်ဆရာလေးများအား စာအောင်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်၊ မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက်၌ မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘန္ဒန္တအာဝုဓ လက်ပန်တောင်းဆရာတော်၏ ၅၉ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် အစိုးရပါဠိပထမပြန် စာအောင်သံဃာ၊ သီလရှင်ဆရာ ၂၀၀ ပါးအား စာအောင်ဆုချီးမြှင့်ခြင်း စူဌဘွဲ့နှင်းသဘင် (တတိယကြိမ်မြောက်) အခမ်းအနားကို ယနေ့နံနက် ၈ နာရီက  ကျင်းပခဲ့သည်။

မြင်းခြံမြို့၌ ရွေးကောက်ပွဲ အပိုင်း (၃) တာဝန်ထမ်းဆောင်ကြမည့်သူများ ကြိုတင် ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ သက်ဆိုင်ရာ ကြိုတင်ဆန္ဒမဲရုံအသီးသီးတွင် မဲပေးလျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး