မြစ်သားမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်မဲပေးပိုင်ခွင့်ရှိသူသူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီအချိန်က မြစ်သားမြို့ဆိုင်းဘုတ်၊ သံလမ်းဆုံအနီး၊ မြင်းခြံ- နွားထိုးကြီး-မြစ်သား-လက်ညိုးထိုးကားလမ်းမပေါ်၌ ဖြန့်ဝေပေးခဲ့သည်။