မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး တံတားဦခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းဝေးရေးနှင့်မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး၊ မီးသတိရှိရေးစသည်တို့ကိုရည်ရွယ်ပြီး မီးဘေးအန္တရာကြိုတင်ကာကွယ်ရေးအတွက် နေ့စဉ်ညနေ (၅)နာရီအချိန်တိုင်း မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၃ ရက် နံနက်ပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲကို မတ်လ ၅  ရက် နံနက် ၉ နာရီက အဆိုပါကျောင်းဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်‌၌ စက်သုံးဆီဆိုင်များသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စစ်ဆေးကြပ်မတ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် မီးဘေး အန္တရာယ်ကင်းဝေးစေရေးအတွက် မတ် ၅ ရက် နံနက် ၁၁ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး မတ် ၅ ရက် မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကောင်းပြည့်သော်ရေးသားသည့် “ဘုရင်ဖြစ်မယ့်လက်ညှိုး” စာအုပ်စာဖတ်ဝိုင်း ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားကွင်း၌ ကျောင်းသားကျောင်းသားကျောင်းသူများ၊ အားကစားဝါသနာရှင်များအနေဖြင့် ပညာရေးသာမက ကာယဉာဏစာရိတ္တ ဘက်စုံဖွင့်ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို မတ် ၃ရက်မှစတင်ဖွင့်လှစ်သည်။

ပျော်ဘွယ်မြို့ရှိဟိုတယ်များမီးဘေးလုံခြုံရေး ဆောင်ရွက်မှုအခြေအနေ စစ်ဆေး

ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဟိုတယ်များမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ဟိုတယ်နှင့်လိုက်လျောညီထွေဖြစ်စေမည့် မီးဘေးကြိုတင်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ အသင့်ထားရှိမှုစစ်ဆေးခြင်းကို မတ် ၅ ရက် နံနက် ၉ နာရီက မြို့ပေါ်ရှိဟိုတယ်များသို့သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပုံတူပန်းချီဆွဲပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ပုံတူပန်းချီဆွဲပြိုင်ပွဲကို မတ်လ ၅ ရက် နံနက်  ၁၁ နာရီက  ကျင်းပသည်။

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များကို အချည်းနှီးမဖြစ်စေဘဲ အကျိုးရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မတ် ၅ ရက်နံနက်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းအထောက်အကူပစ္စည်းများ လှူဒါန်းသည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး