မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ်၌ အသက် ၉ လနှင့်အထက် အသက် ၁၅ နှစ်အောက် ကလေးငယ်များအား ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး‌ထိုးနှံ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ  မြို့နယ်အတွင်းရှိ  အသက် ၉ လနှင့်အထက် အသက် ၁၅ နှစ်အောက် ကလေးငယ်များအား ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး‌ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်များရှိ စုရပ်အသီးသီး၌ ဆောင်ရွက်သည်။

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးစစ်တုရင်ပြိုင်ပွဲဆုချီးမြှင့်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို  မတ် ၄ ရက် ညနေပိုင်းက အဆိုပါ တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပသည်။

ဝမ်းတွင်းမြို့နယ်ရှိ  တက္ကသိုလ်ဝင်တန်း စာစစ်ဌာနများ၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တက္ကသိုလ်ဝင်တန်းကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌အခြေခံပန်းချီပညာသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံပန်းချီပညာသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက ဖွင့်လှစ်သည်။

မိတ္ထီလာမြို့နယ်၌ စပါးမျိုးစေ့ချကိရိယာဖြင့် နွေစပါး(ရေဆင်းပေါ်ဆန် - ၂)စိုက်ပျိုးသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့်  နွေစပါး (ရေဆင်းပေါ်ဆန်း-၂ စိုက်ပျိုးခြင်းသရုပ်ပြပွဲကို မတ် ၅ ရက် နံနက် ၈ နာရီက မြာကျေးရွာအုပ်စု ရေဝေကျေးရွာရှိ ဦးပိုင်အမှတ် ၁၀၊ ကွင်းအမှတ် ၁၀၇၅ ရှိ တောင်သူ ဦးအောင်မောင်၏ စိုက်ဧက နှစ်ဧကတွင် ကျင်းပသည်။

ညောင်ဦးမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား  ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် မတ် ၅ ရက်၊နံနက် ၁၀ နာရီက ကျင်းပသည်။

မန္တလေးခရိုင်ကလေးသူငယ်အခွင့်‌အရေးများဆိုင်ရာကော်မတီက အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ ခရိုင်ကလေးသူငယ်အခွင့်‌အရေးများဆိုင်ရာကော်မတီ၏ ကြီးကြပ်မှုဖြင့် နွေရာသီအားလပ်ရက်၌ လူငယ်များအတွက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်ခြင်းကို မတ် ၄ ရက် နံနက် ၉ နာရီခွဲက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်း၊ ၂၁/၂၂လမ်းကြားရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre) တွင် ဆောင်ရွက်သည်။

ပျော်ဘွယ်မြို့နယ်၌ နိုင်ငံတော်အစိုးရမှဆက်ကပ်လှူဒါန်းပူဇော်သည့် ဘွဲ့တံဆိပ်ရရှိတော်မူသောဆရာတော်အား  ဂုဏ်ပြုပူဇော်

၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရမှဆက်ကပ်လှူဒါန်းပူဇော်သည့် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်ရရှိတော်မူသော မင်းလမ်း(တောင်)ကျေးရွာ ဝေဘူလသာယာကုန်းကျောင်းတိုက်၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော် ဘဒ္ဒန္တတဿကုမာရ ထေရ်ရှင်သူမြတ်အား ပျော်ဘွယ်မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့မှ ဦးဆောင်၍ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ ဂုဏ်ပြုပူဇော်ပွဲကို မတ် ၄ ရက် နံနက် ၈ နာရီခွဲက မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ  ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအကြောင်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ယနေ့မွန်းလွဲ (၁) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနငါးခုဖြင့် ဝင်ရောက်ဖြေဆိုမည့်သူ ၁၆၃၉ ဦးရှိ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌  ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနငါးခုဖြင့်  ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ ၁၆၃၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး