မန္တလေးတိုင်းဒေသကြီး

ငါန်းဇွန်မြို့နယ်၌ အငြိမ်စားဝန်ထမ်းများအား ပင်စင်လစာငွေများ  ထုတ်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ အတွက် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်း   (၅) နာရီက စတင်ကာ အငြိမ်းစား ပင်စင်စားနိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်‌ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီကာလအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားမပေါ်‌ပေါက်စေရေး၊ မီးဘေးအန္တရာယ်ဘ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့မွန်းလွဲပိုင်းက‌ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဖေ‌ဖော်ဝါရီလအတွက် ပင်စင်လစာငွေများကို ဖေ‌ဖော်ဝါရီ ၂၁ ရက် နံနက် ၅ နာရီအချိန်ကစတင် ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက် ထုတ်ယူရာတွင် အခက်အခဲမရှိလွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ် ဆောင်ရွက်ပေးလျက်ရှိသည်။ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်းများကို လစဉ် ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ‌  အငြိမ်းစားများအား နံနက် ၆ နာရီမှစ၍ ထုတ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရွှေဆံတော်ဘုရားကြီးအဝင်လမ်းတစ်လျောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရွှေဆံတော် ဘုရားကြီးအဝင်လမ်းတစ်လျောက်တွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၇ နာရီက ညောင်ဦးခရိုင်/ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ လေပြင်းဘေးဒဏ်ခံနိုင်ရည်မရှိသောနေအိမ်များ အားဖြည့်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် လေပြင်ဘေးဒဏ်ခံနိုင်ရည် မရှိသောနေအိမ်များ အားဖြည့်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ကျင်းပသည်။

မြစ်သားမြို့နယ်၌ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Resources Group Trading Co. Ltd နှင့် Hike Co.Ltd များဦးဆောင်မှုဖြင့် ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ရှိဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာစားသုံး နိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၇၃၆၀ နှုန်းဖြင့် ဖေဖော်ဝါရီ  ၂၁ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရောင်းချပေးခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် တံတား(၂)စင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ အလည်ရွာကျေးရွာအဝင်လမ်းနှင့်ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် မြောင်းကူးတံတား (၂)စင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသည်။

ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဆေးရောင်းခြယ်ပြိုင်ပွဲ ကျင်းပ

နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ဝမ်းတွင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ(Community Centre)ခန်းမတွင် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပသည်။

ညောင်ဦးခရိုင်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် ကျောင်းများပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အားကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မီးဘေးကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် ဖြေဆိုကြမည့်အခန်းများ အလင်းရောင် ကောင်းစွာရရှိရေးဆောင်ရွက်ထားရှိမှုတို့အား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးသည်။

အောင်မြေသာစံမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ရက် နံနက် ၁၀နာရီက ၈၆လမ်း၊ ၂၁×၂၂လမ်းကြား၊ ပုလဲငွေရာင်ရပ်ကွက်ရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးတွင် ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး