ကျောက်ဆည်မြို့နယ်၌ မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများ ထုတ်ပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးခဲ့သည့် နေအိမ်အဆောက်အဦများအတွက် နိုင်ငံတော်မှထောက်ပံ့သော သွပ်၊ သံ၊ ဘိလပ်မြေတို့ကို ပျက်စီးဆုံးရှုံးခဲ့သည့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတို့မှ ပြည်သူများထံသို့ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။