မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်မြို့နယ်၌ သုမင်္ဂလာဈေးအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင် သုမင်္ဂလာဈေးအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ၂နာရီက  ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညောင်ဦးမြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးစံ​ပြကွက်နှင့်နွေနှမ်းသီးနှံပံ့ပိုး ပစ္စည်းပေးအပ် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိ​ရေးစံပြကွက် နှင့်နွေနှမ်းသီးနှံပံ့ပိုးပစ္စည်းပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်၊နံနက် ၁၀ နာရီ ခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းတွင် ကျင်းပသည်။

ရတနာပုံတက္ကသိုလ် (၂၆)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့် 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ  အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၏ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၂၂) ရက်တွင် ကျရောက်မည့်  (၂၆)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။

ပုဂံဒေသ သဗ္ဗညုဂူဘုရား ပြုပြင်ထိန်းသိမ်းခြင်းနှင့် မြေအောက်သုတေသနပြုခြင်း လုပ်ငန်းများကို တရုတ်နိုင်ငံ Shaanxi Academy of Archaeology မှပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်

ပုဂံဒေသရှိ သဗ္ဗညုဂူဘုရားကြီး၏သမိုင်းဝင်အမွေအနှစ်များသည် ပုဂံဒေသ၏ ယဉ်ကျေးမှုသမိုင်းကြောင်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုတို့ကို ထင်ဟပ်ပြသသည့် အရေးကြီးသက်သေအထောက်အထားများဖြစ်သည်။ ယင်းအမွေအနှစ်များကို စနစ်တကျစူးစမ်းသုတေ သနပြုလုပ်ခြင်းနှင့်ထိန်းသိမ်းကာကွယ်ခြင်းတို့သည် မျိုးဆက်သစ်များအတွက် သမိုင်းမှတ်တမ်းအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းပေးနိုင်ရန် အလွန်အရေးပါသော ကဏ္ဍများဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ တာဝန်ရှိသူများထံက သိရသည်။

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် လူငယ်စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူငယ်ဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုန၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော ”အမှန်တရားကို မြတ်နိုးသူ” စာအုပ်အား လေ့လာဖတ်ဖတ်ရှုကြပြီး ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၃နာရီက စာဖတ်ဝိုင်း ဆွေးနွေပွဲ ကျင်းပသည်။

သပိတ်ကျင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာရေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ်တွင် ယနေ့နံနက်၉နာရီက မြို့မဈေးဝင်းအတွင်း သန့်ရှင်းသာယာရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ သန့်ရှင်းရေးဆောင်ရွက်သည်။

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ အသိပညာဗဟုသုတတိုးပွားရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီက သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးများ ဖြန့်ဝေပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား နွေစပါးများ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ပန်းတောင်းမြို့၌ ကလေးများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီကာလ ကလေးများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကို၊ မြို့နယ်အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ဆောင်းသီးနှံကုလားပဲများ စတင်ရိတ်သိမ်းနေပြီး စျေးကောင်းရရှိ

မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ (၂၂၈၀၀) ဧက လျာထားစိုက်ပျိုးခဲ့ပြီး သီးနှံအထွက်နှုန်း တိုးတက်စေရန် လိုအပ်သော သွင်းအားစုများ ထည့်သွင်းခြင်းနှင့် ပိုးမွားရောဂါ မကျရောက်စေရန် ကြိုတင်ကာ ကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို ဒေသခံ‌တောင်သူများမှ အားသွန်ခွန်စိုက် ကြိုးပမ်း‌ဆောင်ရွက်ခဲ့ကြရာ ယခုအခါ ဆောင်းသီးနှံကုလားပဲများ စတင်ရိတ်သိမ်းလျက် ရှိပြီးစျေးကောင်းရနေကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး