မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ၌ စိုက်ပျိုးထားသော ဝါသီးနှံများအောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ၌ တောင်သူ ဦးမွှေး စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရှေးဟောင်းကျောက်စာများအား (Reflectance Transformation Imaging - RTI) စနစ်ဖြင့် ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးခြင်းလုပ်ငန်းဆောင်ရွက်

ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံသည် သမိုင်းရာဇဝင်များအရ  ခရစ်သက္ကရာဇ် ၁၀၈ ခုနှစ်မှစ၍ ပုဂံမြို့ပြတည်ထောင်ပြီး မင်း(၅၅)ဆက်တိုင် အုပ်စိုးခဲ့သောမြို့ပြနိုင်ငံ ဖြစ်ခဲ့သည်။ မြို့ပြနိုင်ငံဖြစ်ခဲ့ကြောင်း ယနေ့ထိတွေ့မြင်နိုင်သည့် ဘုရားစေတီပုထိုးများ၊ ဘာသာရေး ဆိုင်ရာသာသနိက အဆောက်အအုံများက သက်သေတည်လျက်ရှိသည်။ အဆိုပါ ဘုရား၊ စေတီ၊ ပုထိုးများနှင့်အတူ ကျောက်စာ၊မင်စာ၊အုတ်ခွက်စာ၊ အုတ်ခဲစာ၊ ခေါင်းလောင်းစာ စသည့် စာပေအထောက်အထားများပါ လေ့လာနိုင်သည်။ ၎င်းစာပေအထောက်အထား များသည် ယင်းတို့နှင့်ခေတ်ပြိုင် လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စာပေနှင့်ဓလေ့ထုံးစံများကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊စေတီ၊ပုထိုးများ နှင့်ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင်လေ့လာနိုင်ကြောင်းသိရသည်။

စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်     

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို စဉ့်ကူးမြို့ အမှတ်(၁) ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ဆည်မြို့နယ် မင်းရဲ စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စု ၁၁ အုပ်စု၌ နွေစပါး ၂၄၄၇ ဧက စိုက်ပျိုးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစုံ လျာထားစိုက်ပျိုးရာ၌ မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စု ၁၁ အုပ်စု၌ နွေစပါး ၂၄၄၇ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေစာရံဘုရားပွဲတော်ကာလအတွင်းမီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်‌ရေးစစ်ဆေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ သမိုင်းဝင်ရွှေစာရံဘုရား၊ ဘုရားပွဲတော်ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ ယနေ့နံနက်ပိုင်းက  သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရွှေစာရံဘုရားနှင့် ဈေးတန်းများအား မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေးခြင်းနှင့် မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌  ​မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက ကန်သာယာရပ်ကွက် အကွက်အမှတ် (ဗ-၂ နှင့်ဗ-၃) တွင်  မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မြစ်သားမြို့နယ်တွင် ရွှေဖလားမျိုး ကြက်သွန်နီများ အထွက်နှုန်းကောင်းမွန်ပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကြက်သွန်နီပွဲရုံများ၌ ဒေသခံတောင်သူများ စိုက်ပျိုးရောင်းချသည့် ကြက်သွန်နီကုန်များ အဝင်များလျက်ရှိပြီး စျေးနှုန်းမှာလည်း တည်ငြိမ်မှုရှိကြောင်း ကြက်သွန်ပွဲရုံများမှ သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်

ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညီထွေးဦးက ဦးဆောင်ကာ အများပြည်သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအ​​နောက်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်၌ စိုက်ပျိုးထားသောဆီထွက်သီးနှံ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့်သီးနှံ ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဆီထွက်သီးနှံနေကြာ စိုက်တောင်သူများ စိုက်ပျိုးထားသောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူ တစ်ဦးထံမှ သိရသည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ပြင်ဦးလွင်မြို့နယ်သည် ခရီးသွားမြို့တော်တစ်ခုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်လည်ပတ်သူပြည်သူများနှင့် စည်ကားသည့်မြို့ဖြစ်ရာပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သူများ အန္တရာယ်ကင်းဝေးစွာဖြင့် သွားလာလည်ပတ်နိုင်စေရန်၊ ယာဉ်မတော်တဆမှုများကြုံတွေ့လာပါက တတ်ကျွမ်းနားလည်စွာဖြင့် ရှေးဦးသူနာပြုစုနည်းများကို အသုံးချကာအသက်ကယ်ရန် (Preserve life)၊ ထပ်မံ၍ ထိခိုက်ဒဏ်ရာမရစေရန် (Prevent further injury)၊ လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေရန် (Promote recovery)နှင့် မိမိကိုယ်ကိုကာကွယ်နိုင်ရန်(Protect yourself)ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှကြီးမှူး၍ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းသား/အသင်းသူများနှင့် ဆရာ၊ဆရာမများ စုစုပေါင်း(၂၅)ဦးအား ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး