မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်၌ သမဝါယမအသင်းစုလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိတ္ထီလာမြို့နယ်၌ နွေစပါးစိုက်ပျိုးဧက ၁၀၉၀ နှင့် အခြားသီးနှံစိုက်ဧက ၅၀ စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး ပျိုးထောင်ရေများ စတင်လွှတ်ပေး

မိတ္ထီလာမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် နွေစပါးသီးနှံနှင့် အခြားသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ ပျိုးထောင်ရေများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်လွှတ်ပေးလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ညောင်ဦးမြို့ ပုဂ္ဂလိကဆေးရုံများတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဆေးရုံများ ကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၁၀ ရက်  နေ့လယ် ၁ နာရီက ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး Talk Show ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေး Talk  Show ကို ဖေဖေဝါရီ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပါဝင်သောအဖွဲ့တို့သည် ပြည်သူ့ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ဖေဖော်ဝါရီ ၁၀ ရက် ညနေ ၃ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးတွင် ကျင်းပသည်။

မြစ်သားမြို့နယ်၌ အသည်းရောင်အသားဝါ အေဗိုင်း ရပ်စ် (HAV) ရောဂါကာကွယ်ဆေးထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ၂ နှစ်အထက် မှ ၁၅ နှစ်အောက် ဌာနဆိုင်ရာများမှဝန်ထမ်း သား၊သမီးကလေးငယ်များအား အသည်းရောင်အသားဝါအေ ဗိုင်းရပ်စ်(HAV) ရောဂါကာကွယ်ဆေးထိုးနှံ‌ပေးခြင်းကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ထိုးနှံပေးသည်။

ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် ဆည်ရေရှိသည့်နေရာများတွင် စပါးသီးနှံကို အဓိကထားစိုက်ပျိုးပြီး ဆည်ရေမရသည့်ယာမြေများ၌  မြေအောက်ရေ(စက်ရေတွင်း)ကို အဓိထားပြီး ငရုပ်၊ ကြက်သွန်၊ ငှက်ပျော၊ ဖူးစားပြောင်း၊ နေကြာ၊ သင်္ဘောနှင့် ကာလတိုသီးနှံများ စိုက်ပျိုးကြောင်းနှင့် ကျီးအိပ်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ရွှေနီ(၁၆၈)သင်္ဘောမျိုး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်တက္ကသိုလ်၌ ပျားမွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌  ကျောက်ဆည်တက္ကသိုလ်နှင့် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲတို့ပူးပေါင်းကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သတ္တဗေဒဌာနမှကြီးမှူးကျင်းပသော ပျားမွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို အဆိုပါ တက္ကသိုလ်ရှိ THEATER ခန်းမ၌ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်ရှိ ငလျင်ဘေးသင့်ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှပေးပို့ခဲ့သည့် မန္တလေးငလျင်ကြောင့်ထိခိုက်ခဲ့သော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ ဆရာတော်သံဃာတော်များ၊ သီလရှင်များအား သံဃာတော်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီက ဝင်းကျောင်းပရိယတ္တိစာသင်တိုက်တွင်ကျင်းပသည်။

အမရပူရမြို့နယ်၌ နွေစပါးနှင့်နွေနှမ်းများ စိုက်ပျိုးနိုင်ရေများ ဖေဖော်ဝါရီ ၁၅ ရက်တွင်စတင်လွှတ်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ဆည်တော်ကြီးဆည်ရေများကို နွေစပါးနှင့် နွေနှမ်း များစိုက်ပျိုးနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆည်ရေများလွှတ်ပေးသွားမည်ဖြစ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး