မန္တလေးတိုင်းဒေသကြီး

ချမ်းမြသာစည်မြို့နယ်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များအား ငွေနှင့် အိမ်ဆောက်ပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် လုံးဝပျက်စီးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးမှု နေအိမ်များအား ပြုပြင်နိုင်ရန် ငွေနှင့် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်၊ သံ၊ သစ်)များ ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၌ မွေးကင်းစမှ အသက် ၅ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး 

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ဣစ္ဆာသယဘုန်းကြီးကျောင်းနှင့်ဓမ္မပါလဓမ္မာရုံများတွင် အသက် ၅နှစ်အောက်ကလေးများအား ကိုယ်အလေးချိန်ပေးခြင်း Vitamin A ဆေးလုံးတိုက်ကျွေးခြင်းနှင့် အာဟာရမုန့်များ ဖြန့်ဝေပေးခြင်း အသက် ၉ လမှ ၅ နှစ်အောက်ကလေးများအား ပိုလီယိုဆေးတိုက်ကျွေးခြင်းများကို ဖေဖော်ဝါရီ ၉ ရက်က မဟာအောင်မြေမြို့နယ် ရပ်ကွက်များသို့သွားရောက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲအေးချမ်းစွာဆက်လက်‌ဖြေဆို

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်  ကျောင်းသား/ကျောင်းသူများ ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲ(ဆဋ္ဌမနေ့) ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့၌ (၄၄) ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားဝန်းအတွင်း၌ (၄၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၉ ရက်က လောင်းလှူခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌  အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေး

မန္တလေးတိုင်းသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဗီတာမင်အေဆေးများတိုက်ကျွေးကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၀ နာရီက မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများကထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတက္ကသိုလ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကျင်းပ

‎မန္တလေးတက္ကသိုလ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းပိုင်း‌က ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့၌ (၆၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဓမ္မာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် (၆၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဓမ္မာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်က မြို့နယ်လုံးဆိုင်ရာ ဓမ္မဘိမ္မာန်တော်ကြီးတွင် ပြုလုပ်သည်။

မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး စိုက်ဧက ၈၀၀ စိုက်ပျိုးသွားမည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၈၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပျော်ဘွယ်မြို့နယ်၌ တရားမဝင်အကောက်ခွန်မဲ့မော်တော်ဆိုင်ကယ်များရောင်းဝယ်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့ပေါ်ရပ်ကွက်များမှ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များအနေဖြင့် တရားမဝင် အကောက်ခွန်မဲ့မော်တော် ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၉ နာရီက မော်တော်ဆိုင်ကယ်အရောင်းဆိုင်များသို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားသည့်နေရာများတွင် အခမဲ့ဖြန့်ဝေကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး