ကျောက်ဆည်မြို့နယ်၌ သပြေပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရသဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိသားစုအပိုဝင်ငွေရရှိရေး မြေယာပိုင်ဆိုင်သူအချို့သည် တစ်နိုင်တစ်ပိုင် သီးပင်စားပင်များနှင့် ပန်းအမျိုးစုံ စိုက်ပျိုးရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ သင်းတောင်းကျေးရွာမှ ဒေါ်သီတာအေး စိုက်ပျိုးထားသော သပြေပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သပြေပန်းစိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။