ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၌ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက် ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဈ)ရပ်ကွက်၊ ကနောင်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက် ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ကျင်းပခဲ့သည်။