မန္တလေးတိုင်းဒေသကြီး

ငါန်းဇွန်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲ ကျောင်းဆင်းချိန်တွင် ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။

မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစု၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံမျိုးစုံ ၁၆၆၅ ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်တော်ကျေးရွာ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံမျိုးစုံ ၁၇၈၅ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့၌ (၆၅) ကြိမ်မြောက် သမိုင်းဝင်မြတ်ညီနောင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပုဂံခေတ် ပေါက်ကန်ရာဇာအနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ (၆၅)  ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ၌ မြေအောက်ရေဖြင့်စိုက်ပျိုးသည့် ခရမ်းသီးစိုက်ခင်းများအထွက်နှုန်းကောင်း

မန္တလေးတိုင်းဒေသကြီ၊ မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ၌ မြေအောက်ရေဖြင့် ခရမ်းစိုက်ပျိုးသည့်တောင်သူများ ခရမ်းသီးအထွက်နှုန်းကောင်း၍ အဆင်ပြေကြောင်း ခရမ်းစိုက်တောင်သူ ဦးခင်မောင်ရှိန်ထံမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ လူငယ်စကားဝိုင်း  ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ နှင်းထက်အောင် ကိုယ်ပိုင်အထက်တန်းကျောင်း၌  ဗလငါးတန်နှင့်ပြည်စုံသည့် ကျောင်းသား/ကျောင်းသူများ ဖြစ်လာစေရန် လူငယ်စကားဝိုင်း  ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက  ကျင်းပသည်။

ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆုရအသင်းများအား ဆုချီးမြှင့်ပွဲ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ  အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသားဖူဆယ်ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

အ.ထ.က(စဉ့်ကိုင်)၌ အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲကို ယမန်‌နေ့ မွန်းလွဲ ၁ နာရီက အထက(စဉ့်ကိုင်) ကျောင်းရှိ သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတကာနှင့်ပူးပေါင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ဇန်နဝါရီ ၂၇ ရက်နေ့တွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲညွှန်ကြားရေးမှူး ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများ ပါဝင်သောအဖွဲ့များနှင့်အတူ ပုဂံယဉ်ကျေးမှုဒေသတွင် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်  ရှေးဟောင်း အဆောက်အအုံအမှတ် - ၁၅၉၇ (သဗ္ဗညု) ဘုရား၊ ၁၆၇၀(မဟာဗောဓိ)ဘုရားနှင့် ၅၀၅ (အရှေ့ကဿပ)ဘုရားတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဟောင်းအဆောက်အအုံ အမှတ် - ၁၅၉၇(သဗ္ဗညု)ဘုရားတွင် ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်နေသည့်  တရုတ်ပညာရှင်အဖွဲ့က  ထုံးသားလွှာများသန့်စင်၍ နံရံဆေးရေးပန်းချီ ရှိ/မရှိ စမ်းသပ်ခြင်းနှင့်ပေါင်းကူးအမိုးကျွံ ကျနေခြင်းအား အုတ်အစား ထိုးပြုပြင်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ တတိယထပ်မြောက် ဘက်ပစ္စယံခုံကို Dry Cleaning နှင့် Wet Cleaning ဖြင့် ချေးချွတ်သန့်စင်ခြင်းကို စမ်းသပ်ဆောင်ရွက်ထားကြောင်း၊ အဆောက်အအုံ၏အခြေအနေအား သိရှိနိုင်ရန် စောင့်ကြည့်စက်များ တပ်ဆင်ထားပါကြောင်း၊ ထိန်းသိမ်းရေးလုပ်ငန်းများကို လျာထားလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြသသည်။

မိတ္ထီလာမြို့နယ်သမဝါယမအသင်းစု (လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မိတ္ထီလာမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁ဝ နာရီက မြို့နယ်သမဝါယမအသင်းစု (လီမိတက်) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး