မန္တလေးတိုင်းဒေသကြီး

ရမည်းသင်းခရိုင်၌ ကောက်ရိုးထုံးစက် အသုံးပြုနည်း လက်တွေ့ကွင်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန အမှတ်(၂၈) စက်မှုလယ်ယာစခန်း ရမည်းသင်းမြို့မှ (Round Baler) ကောက်ရိုးထုံးစက်ဖြင့် လက်တွေ့ကွင်း သရုပ်ပြပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက အင်ကြင်းကန်ကျေးရွာ တောင်သူဦးဇော်၏ လယ်မြေ၌ ကျင်းပသည်။

မလှိုင်မြို့နယ်၌ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်းအကြောင်း စစ်တမ်းကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာတောင်သူများအား ဒီဇင်ဘာ ၁၆ ရက်က ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်းအကြောင်း ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျောက်ဆည်မြို့ မဲရုံများနှင့် မဲပေးစက်များအသင့်ပြင်ဆင်မှု ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည် မြို့နယ် သင်တောင်းကျေးရွာအုပ်စု ရွှေသိမ်တော်ဘုရားဝင်းအတွင်းရှိ ကေသီဦးဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီခွဲက ကျေးရွာပြည်သူများနှင့်တွေ့ဆုံပြီး ပြည်သူများအနေဖြင့် မဲစာရင်းတွင်မိမိတို့၏အမည် စာရင်းများပါရှိစေရေး ကြည့်ရှုရန်၊ မှတ်ပုံတင်မရှိသေးသူများအား မှတ်ပုံတင်ပြုလုပ်ပေးရန်၊ မဲပေးရမည့် နေ့ရက်တွင် မဲရုံသို့လာရောက်၍ မဲပေးကြရန် တွေ့ဆုံဆွေးနွေးသည်။

တံတားဦးမြို့နယ်၌ သီးနှံများ အထွက်နှုန်း မကောင်းရခြင်းအကြောင်း စစ်တမ်းကောက်ယူ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တောင်သူများ စိုက်ပျိုးထားသော သီးနှံ (၁၀) မျိုး ပန်းတိုင်ရည်မှန်းချက်၊ အထွက်နှုန်း မကောင်းရခြင်းအကြောင်း စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် ဆောင်ရွက်ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်အတွင်း မဲရုံဖွင့်မည့် ရပ်ကွက်/ကျေးရွာများအုပ်စုများသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများဖွင့်လှစ်မည့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ညောင်ဦးခရိုင်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် နှစ်သစ်ကြိုဆိုပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တံတားဦးမြို့နယ်တွင် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် အလှူငွေများ လှူဒါန်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၁၂၁) နှစ်မြောက် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သမဝါယဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တံတားဦးမြို့ အမှတ် (၃) ရပ်ကွက်၊ လွှစဉ်တန်းရပ်ရှိ ရှေးဟောင်းဘုရား (၆) ဆူ ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အလှူငွေလှူဒါန်းပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါဘုရားပရဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာစည်မြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများ ကံဦးဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်း

ဒီဇင်ဘာ ၁၈ ရက်၌ ကျရောက်မည့် မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၁၆ ရက်က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ စုပေါင်း၍ သာစည်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ကံဦးဘုန်းတော်ကြီးကျောင်းတွင် သန့်ရှင်းရေးဆောင်ရွက်ပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံစိုက်ဧက ၈၉၀ စိုက်ပျိုးသွားမည်  

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆည်ရေ၊ ကန်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၈၉၀  စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်း မဲရုံပြုလုပ်မည့် နေရာများ၌ မီးဘေးလုံခြုံရေး စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံအဖြစ်ဆောင်ရွက်မည့် နေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးသန့်ဇင်ဦး ဦးဆောင်၍ ယနေ့နံပိုင်းက ဟံမြင့်မိုရ် ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့  ကွင်းဆင်းစစ်ဆေးသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး