မန္တလေးတိုင်းဒေသကြီး

အ-ထ-က ပုသိမ်ကြီး၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် လက်တွေ့ သရုပ်ပြသမှုများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု စာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် အန္တရာယ်ကြုံတွေ့ပါက လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး၊ သရုပ်ပြသမှုများကို ယနေ့နံနက် ၉ နာရီက အ-ထ-က ပုသိမ်ကြီးကျောင်းရှိ အောင်ဇဗ္မူခန်းမဆောင်တွင် ဆောင်ရွက်ခဲ့သည်။

တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၁၂၁ ကျောင်းရှိ KG တန်းကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ်ကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းတွင် ပညာသင်ယူနေသော KG တန်းမှကျောင်းသား၊ ကျောင်းသူ ၂၁၀၁ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ကျောင်းတွင်းနေ့လယ်စာ ပဉ္စမအကြိမ် အာဟာရကျွေးမွေးမှုကို ဒီဇင်ဘာ ၁၁ ရက်နေ့နံနက်ပိုင်းက တံတားဦးမြို့ စကားအင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ပန်းယျအခြေခံပညာ မူလတန်းကျောင်းတို့တွင် ဆောင်ရွက်ကြောင်း သိရသည်။

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊အမျိုးသား ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊ အမျိုးသား ကြက်တောင်ရိုက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဗလငါးတန်ပြည့်စုံစေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

‎မဟာအောင်မြေမြို့နယ် သံလျှင်မှော်အရှေ့ရပ်ကွက်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများကို ထောက်ပံ့ငွေများပေးအပ်

‎မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်၊ သံလျှင်မှော်အရှေ့ရပ်ကွက် အဝေရာရာ မရန်ကင်းကျောင်းအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီစိုက်ပျိုးရန် စတင်ပျိုးထောင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်နီ စိုက်ပျိုးရန် ကြက်သွန်မျိုးစေ့များ စတင်ပျိုးထောင်နေပြီဖြစ်ကြောင်း သိရပြီး ဆောင်းကြက်သွန်နီ စိုက်ပျိုးချိန် ကြက်သွန်နီမျိုးစေ့များ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။

အ.ထ.က (စဉ့်ကိုင်) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကျောင်းသား/ကျောင်းသူလူငယ်များ အသိတိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာများ တိုးပွားစေရေး၊ နိုင်ငံ‌တော်အတွက် အကျိုးပြုနိုင်‌သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးတို့ကိုရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေး‌ရာအသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် (၁၀) နာရီက အ.ထ.က (စဉ့်ကိုင်) ကျောင်းရှိ သဇင်ခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မဲရုံများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မဲရုံများ စနစ်တကျရှိစေရေးနှင့် လိုအပ်ချက်များမရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်း ၉ နာရီက စတင်၍ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ညောင်ဦး၌ စိမ်းလန်းစိုပြည်သောကျောင်းများ ဗဟိုအဆင့်ပြိုင်ပွဲဝင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၌ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး အထက်တန်းအဆင့် တိုင်းဒေသကြီးနှင့်ဗဟိုအဆင့်ယှဉ်ပြိုင်နိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် အ.မ.ကတွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ မူးယစ်အစဆေးလိပ်ကခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပေးခြင်းကို ဒီဇင်ဘာလ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီက အခြေခံပညာအလယ်တန်းကျောင်း (မင်းလမ်း)တွင် ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး