မန္တလေးတိုင်းဒေသကြီး

မဲစာရင်းများမှန်ကန်စေရေး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းပြီး door to door  စစ်‌ဆေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  အသက်၁၈နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးနိုင်ရေးနှင့် မဲစာရင်းများမှန်ကန်စေရေး ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းပြီး Door To Door စစ်ဆေးခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့၌ မဲရုံများနှင့်မဲရုံပတ်ဝန်းကျင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး၊ ဦးမင်းသိမ်းထွန်း ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များသည် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ တောင်ဘီ ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြင်းကပါကျေးရွာအရန်မီး သတ်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက ညောင်ဦးမြို့၊ ပုဂံမြို့ရှိ မဲရုံများနှင့်မဲရုံပတ်ဝန်းကျင် မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်ရှိ ဈေးများ၌ မီးဘေးလုံခြုံရေး မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့၌   ဈေးများမီးဘေး အန္တရာယ်ကင်းဝေးစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ဦးဆောင်၍ ဝမ်းတွင်းဈေးအတွင်းရှိ ဈေးသူ၊ ဈေးသားများနှင့် ပူးပေါင်းကာ၊ မီးဘေးကြိုတင် ကာကွယ်ရေးသရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့က အဆိုပါဈေး၌ ပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် တက်ရောက်နေသော သင်တန်းသားသင်တန်းသူများ၏ အထူးနေ့လယ်စာစားပွဲအခမ်းအနားသို့တက်ရောက်

မန္တလေးတိုင်းဒေသကြီး နိုင်ငံဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် တက်ရောက်နေသော အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၄)နှင့် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၂)တို့တွင် တက်ရောက်နေသော သင်တန်းသားသင်တန်းသူများ၏ အထူးနေ့လယ်စာ စားပွဲအခမ်းအနားကိုဒီဇင်ဘာလ ၁၁ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ဇီးပင်ကြီး ကျေးရွာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ရှိ ယောမင်းကြီးစားရိပ်သာတွင် ကျင်းပသည်။

အာနန္ဒာဘုရားကြီး၏ (၉၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လောင်းလှူခြင်းတို့ဖြင့် အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာကျင်းပမည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဒီဇင်ဘာ ၂၉ ရက်၊  နံနက်ပိုင်းမှစတင်ကာ ဘုရားကြီးတောင်ဘက်မုခ်တွင် သံဃာတော်အရှင်သူမြတ်များက အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းဖြင့် စတင်မည်ဖြစ်ကြောင်း အာနန္ဒာဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံသိရသည်။

ငလျင်ဘေးဒဏ်သင့်အိမ်ထာင်စု(၄၈၀)စုအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ကြက်ခြေနီအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း ပစ္စည်းသိုလ်လှောင်ခန်းမတွင် ငလျင်ဘေးဒဏ်သင့်ခံခဲ့ရသည့် ကျေးရွာတစ်ရွာနှင့်ရပ်ကွက်(၃)ရပ်ကွက်မှ အိမ်ထောင်စု(၄၈၀)စုအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍ စာရေးဆရာ ညီညီနိုင်၏ “ပညာနှင့်ဘဝ” အောင်မြင်ရေးလမ်းညွှန် စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၂၇)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်

မီးဘေးအန္တရာယ်ကျရောက်မှုများ မဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများ သိရှိလိုက်နာကြစေရန်အတွက် ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညီထွေးဦးက ဦး​ဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြခြင်းများကို အမှတ်( ၂၇)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းဆိုင်များမှ တစ်ပိဿာငွေ (၇၃၈၀)ကျပ်ဖြင့် စားအုန်းဆီ (၂၀၀၄) ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းဆိုင်များမှ တစ်ပိဿာ ငွေ(၇၃၈၀)ကျပ်ဖြင့် စားအုန်းဆီ(၂၀၀၄)ပိဿာအား ရပ်ကွက်တစ်ရပ်ကွက်နှင့်ကျေးရွာ (၁၃)ရွာအား ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ စားသောက်ကုန်ပစ္စည်းများပြည်သူ့သက်သာဈေး‌ရောင်းချ‌ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ မြစ်သားစည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေးရောင်းချခြင်းကို ဒီဇင်ဘာ ၁၂ ရက်က ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး