ဘိုကလေးမြို့နယ်တွင် မဲရုံများ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ၍ လက်တွေ့မီးငြှိမ်းနည်း သရုပ်ပြဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား မဲရုံ(၂၆၅)ရုံဖွင့်လှစ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ မဲရုံများ မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင်မဲရုံများ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။