ဘိုကလေးမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ရန်ပုံငွေများ ထောက်ပံ့ပေးအပ်
ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာန (CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားမြှင့်မီးဖိုစီမံကိန်း ရန်ပုံငွေအစီအစဉ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာဖြစ်သည့် သကံဝကျေးရွာအုပ်စု၊ တယ်ပင်(၃)ကျေးရွာ၌ ယနေ့နံနက်(၉)နာရီ အချိန်တွင် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် ဝင်ငွေတိုးပွါးရေးကဏ္ဍ စသည့်ကဏ္ဍကြီး (၃)ရပ်အတွက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းမှထောက်ပံ့ ငွေများ ပေးအပ်သည့် အခမ်းအနားကျင်းပခဲ့သည်။